ချစ်သူ ....
မင်းကလမင်းကြီးဆိုရင်
ငါကနေမင်းကြီးတော့မဖြစ်ချင်ဘူး
ထည်ဝါတယ်ဆိုပေမဲ့
နေနဲ့လဟာ
နေ့နဲ့ညလို
ကမ္ဘာတစ်ဖက်စီခြားနေရတယ်လေ ...
ဖြစ်နိုင်မယ်ဆိုရင်
ဘယ်လောက်ပဲသိမ်ငယ်ပါစေ
မင်းဘေးနားက
ကြယ်ပွင့်လေးပဲဖြစ်ချင်တယ် ......။
ငါမှားခဲ့တာပါ....
သူတက်ချင်တဲ့ကျုရှင်မှာတက်တယ် အဲ့ဒီ့အချိန်မှာ ကောင်လေးနဲ့ ကောင်မလေး တို့ နှစ်ယောက်ဝေးဖို့ က နီးလာပြီလေ.. ဒါကို ကောင်လေးမသိသေးဘူး ဒီကြားထဲမှာ ကောင်လေးနဲ့ ကောင်မလေးက ဖုန်းပြောဖြစ်တာလောက်ပဲရှိတယ် တစ်ယေက်နဲ့တစ်ယောက် ကြည့်ပြီး ရင်ခုန်နေတဲ့အချိန်ပေါ့ဗျာ ကောင်မလေးကတော့ မိန်းကလေးဆိုတော့ ဘယ်အရင်စလို့ရမလဲ ကောင်လေးက မှ အရိပ်ပြလို့အကောင်မမြင်တာ အဆင်မပြေဘူးဖြစ်နေတယ် နော်တော့ (10) တန်းအောင်စာရင်းထွက်တယ် ကောင်မလေးက အောင်သွားတယ် ဂုဏ်ထား (1) ဘာသာနဲ့ သူကတော့ အောင်သွားပြီ ကောင်လေးရောဘယ်လိုနေလဲ ကောင်မလေး စိတ်ပူသွားတာပေါ့ ကောင်လေးရဲ့ ခုံနံပါတ်နဲ့ သူလိုက်ရှာတယ် မတွေ့ဘူး ဘယ်တွေ့မလဲ ကျနေတာကိုး.. ဒီလိုနဲ့ ကောင်လေးက ကျလို့ စိတ်မကောင်းဖြစ်တာထက် ကောင်မလေးက ပိုပြီးတော့ စိတ်မကောင်ဖြစ်တယ် ဘာဖြစ်လို့လဲဆိုတော့ ကောင်မလေးက ကောင်လေးနဲ့အတူ Uni တက်ချင်တာလေ ကောင်လေးကတော့ သိပ်ပြီးတော့ သံယောဇဉ် မထားခဲ့ဘူး ဒီလိုနဲ့ ကောင်မလေးက GTC တယ်လေ ကောင်လေးက ဆယ်တန်းပြန်တက်တယ်ပေါ့ သူတို့နှစ်ယောက် နည်းနည်းဝေးသွားပြီ အရင်ကဆို ကောင်မလေးအိမ်နဲ့ ကောင်လေးက အဆင်ပြေတယ်လေ အခုတော့ အားလုံးက ပြောင်းပြန်ဖြစ်သွားပြီ အဆင်မပြေတော့ဘူးပေါ့ဗျာ ဒါပေမယ့် တစ်ယောက်အကြောင်းတစ်ယောက်တော့ စုံစမ်းနေကြတုန်းပေါ့ မေးတုန်းပေါ့ဗျာ နောက်တော့ ကောင်မလေးမှာ သူငယ်ချင်းတစ်ယောက်ရတယ် ပြောတယ် ကောင်လေးက ချောလည်းချောတယ် ရိုးလည်းရိုးတယ်တဲ့ အဲ့ဒီ့မှာ ကောင်လေးနည်းနည်း စိုးရိမ်သွားပြီ ဒါပေမယ့် သူဘာမှမလုပ်ခဲ့ပါဘူး သူ ချစ်နေတာကို ဖုန်းကွယ်ခဲ့တယ် လ အနည်းငယ်ကြာတော့ ဒီလိုပဲ ကောင်လေးက ကောင်မလေးအကြောင့်စုံစမ်း တော့ ကောင်မလေးက ချစ်သူ ရနေပြီတဲ့ သူ့ချစ်သူက GTC က KING တဲ့ အရမ်းချစ်ကြတယ်ဆိုတော့ စဉ်းစားကြည့်ပေါ့ဗျာ လက်ထဲလွတ်သွားတဲ့ငါး ကြီးသွားတာပေါ့ ကောင်လေးဘယ်လိုခံစားရမလဲ သူတို့ အရမ်းချစ်နေကြချိန်မှာ ကောင်လေးကတစ်ယောက်ထဲ ဖြစ်နေတယ် အဲ့ဒီ့အချိန်ကျမှ ကောင်မလေးကို သူတကယ်ချစ်မှန်းသိသွားတယ် အဲ့ဒီ့အချိန်မှာ ရင်ထဲ မှာ ဒူးရင်းသီးတွေ အလုံး (100) လောက်သီးသွားပြီ ..
ကောင်မလေးကတော့ ပျော်နေမှာပေါ့ တစ်ယောက်နဲ့တစ်ယောက် အရွဲ့တိုက်ကျရင်း အဲ့ဒီ့အဆင့်ထိဖြစ်သွားတယ် အပြတ်ပြတ် နဲ့ နှာခေါင်းသွေးထွက်ပေါ့ဗျာ သူတို့နှစ်ယောက် 1 လ ကျော်လောက်ပဲ ကြိုက်ကြတယ်လို့ကြားတယ် ပြီးတော့ပြတ်သွားတယ်တဲ့ အဲ့ဒီ့မှာ ကောင်မလေးက အရမ်းခံစားရတာပေါ့ ကောင်လေးလည်းဘာလုပ်လို့လုပ်ရမှန်းမသိဘူး ကောင်မလေးလည်းဘာလုပ်လို့
လုပ်ရမှန်းမသိဘူးဖြစ်နေတယ် ဒီလိုနဲ့အချိန်တွေကြာတော့ အချစ်စစ်က တန်ခိုးပြတာထင်ပါတယ် ကောင်မလေးက ကောင်လေးရှိတဲ့ Dagon ကျောင်းကိုလိုက်လာတယ် ကောင်လေးလည်းဝမ်းသာသွားတာပေါ့ ဒီလိုနဲ့သူတို့နှစ်ယောက်အဆက်အသွယ်ပြန်ရခဲ့တယ်ပေါ့ အခုတော့ ကောင်မလေးက ကောင်လေးကို အရမ်းချစ်နေပြီ ကောင်းလည်းကလည်း ထိုနည်းတူပေါ့ ဒါပေမယ့် မတူ တာက မိဘတွေ သဘောမတူတော့ဘူး ဒါပေမယ့် တစ်ယောက်နဲ့တစ်ယောက်ချစ်နေကြရင် ပြီးတာပဲ ဟုတ်တယ်မလား ပြီးတော့ ကောင်မလေးက ကောင်လေးကို မယုံဘူးဖြစ်နေတယ် ဒါပေမယ့် အေးဆေးပါ ကောင်လေးက ကောင်မလေးကို အရမ်းချစ်တာ တခြားဘယ်သူမှလည်း မရှိဘူး .....
ပြောချင်တာက ကောင်မလေး က ကောင်လေးကို ယုံယုံကြည်ကြည်နဲ့ ချစ်ဖို့ပဲ ....
ကောင်လေးအဖြစ် ----- Site ပိုင်ရှင်
ကောင်မလေးအဖြစ် --- ကောင်လေးရဲ့ အချစ်ဆုံးသူ ( MAY)